ဆင်ပေါင်ဝဲမြို့နယ် ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက်လမ်းပေါ်၌ ရေကျော်အရှည်ဆက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
************************************************************************
ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက်လမ်းပေါ်၌ ရေကျော်အရှည်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို အောက်တိုဘာ ၉ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ရှိသူများက ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မူလ ပေ ၁၀၀ ရေကျော်အား (ကိုးပင် ကျေးရွာဘက်ခြမ်း)တွင် အရှည်ပေ ၇၀ အရှည်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ အရှည်ပေ ၇၀ရှိ ရေကျော်အရှည်ဆက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ်သန်း ၇၀ အသုံးပြုကာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇူလိုင် ပထမပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်