ကံမမြို့နယ် ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
************************************************************************
ကံမ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်းကျောက်ချောခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေများကို အောက်တိုဘာ ၉ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးနန်းထွေးနှင့် တာဝန်ရှိသူများက ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာငါးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ အရှည်ပေ တစ်မိုင်၊ အကျယ် ၁၆ပေ၊ အမြင့် ခြောက်လက်မရှိ ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ်သန်း ၁၆၀ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇွန်လ တတိယပတ်မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးခြင်းကြောင့် ကျေးရွာငါးရွာရှိ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်