Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ကျောင်းသူ (၂) ဦး ထိုင်းနိုင်ငံ၊ PSU-AUN Summer Camp 2026 အစီအစဉ်သို့ သွားရောက်


05 May,2026

AUN-QA ၏ အသင်းဝင်တက္ကသိုလ်တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၊ Prince of Songkla University – PSU မှ AUN-QA ၏ အသင်းဝင်နှင့် တွဲဖက်အသင်းဝင်တက္ကသိုလ်များသို့ Taste of Southern Thailand- Connecting Cultures through Gastronomy ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် PSU-AUN Summer Camp 2026  အစီအစဉ်သို့ မြန်မာနိုင်ငံမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများအား လျှောက်ထားရန် ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံရှိ AUN-QA အသင်းဝင်နှင့် တွဲဖက်အသင်းဝင်တက္ကသိုလ် (၄) ခုမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်လျှောက်ထားခဲ့ရာ ကျောင်းသူ (၈) ဦးအား ရွေးချယ်ခဲ့ပါသည်။ အဆိုပါ ကျောင်းသူ (၈) ဦးအနက် ဤတက္ကသိုလ်မှ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြု၊ မဟာတန်း(ပထမနှစ်) ကျောင်းသူ မနှင်းဦးဝေနှင့် အသုံးချစာရင်းအင်းပညာအထူးပြု၊ စတုတ္ထနှစ် ကျောင်းသူ မခင်မြတ်နိုးသူတို့ ပါဝင်ခွင့်ရရှိခဲ့ပါသဖြင့် ထိုင်းနိုင်ငံ၊ PSU-AUN Summer Camp 2026 အစီအစဉ်သို့  တက်ရောက်ရန်အတွက် ယနေ့ နံနက် ၀၆:၄၀ နာရီအချိန်တွင် Myanmar National Airlines ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာရာ စာရင်းအင်းပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာချောအိအိထွန်း၊ စီမံခန့်ခွဲမှုပညာဌာနမှ ကထိက ဒေါ်အေးသုန်သုန်ကျော်နှင့် သင်တန်းရေးရာ ဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနခွဲမှ ဌာနခွဲမှူး ဒေါ်ကြည်ဖြူကိုတို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်