Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် စပါးစိုက်ပျိုးထားသော သမဝါယမအသင်းသားများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်


09 Jun,2026

စဉ့်ကိုင် ‌ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်မားရေးကို ရည်ရွယ်ကာ (သက်တန့်ရောင်) စီမံကိန်းဖြင့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ချောင်းပတ်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသောင်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်က အမှာစကား ပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်ကြူ က ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝဓါတ်မြေဩဇာ(သွင်းအားစု)များ ထောက်ပံ့ပေးအပ် ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများက စံပြကျေးရွာမှ သမဝါယမအသင်းသား တောင်သူ ၂၅ ဦး၏ စိုက်ဧက ၈၀ ဧကအတွက် စိုက်ပျိုး‌ဧက တစ်ဧကလျှင် ငွေကျပ် ၂၈၈၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၃.၀၄ သန်းနှင့်ညီမျှ‌သော သွင်းအားစုများကိုလည်းကောင်း၊ ချောင်းပတ် ကျေးရွာမှ သမဝါယမ အသင်းသားတောင်သူ ၁၅ ဦး၏ စိုက်ဧက ၇၀ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၂၈၈၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၀.၁၆ သန်းနှင့် ညီမျှသော သွင်းအားစု ယူရီးယား ဓါတ်မြေဇာနှင့် သဘာဝဓါတ်မြေဩဇာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သမဝါယမ အသင်းသား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်