စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ကိုင် သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ လာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင် ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် (၅၀)ယူနစ်၊ ကျေးရွာ(၅၄)ရွာ၌ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာများအတည်ပြု ရွေးချယ်ပြီးဖြစ်၍ သက်မွေးအစုအဖွဲ့များဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများစိစစ် အတည်ပြုခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းစသည့် စီမံကိန်းလုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလတွင်ကျေးရွာ ယူနစ်(၄၈)ယူနစ်၊ ကျေးရွာ(၅၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပြီးဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်