Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၁။ ထုတ်လုပ်မှုကဏ္ဍ

ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်းများ၏အခြေအနေ

ကုန်ထုတ်လုပ်မှုသမဝါယမအသင်းများ၏ အသင်းအမျိုးအစားအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ ချေးငွေထုတ်ချေးခြင်းလုပ်ငန်း

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းများ၏ အသင်းပိုင်/ အသင်းသားပိုင် လယ်ယာမြေများတွင် စပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံအပါအဝင် သီးနှံမျိုးစုံစိုက်ဧက (၃၈၅၅၄၅.၄၉)ဧကကို စိုက်ပျိုးထုတ်လုပ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ၎င်းအသင်းသားများ၏ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များကို အသင်းသားများ၏ အစု၊ စုဆောင်းများ အပါအဝင် အသင်းပိုင်/အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် အောက်ပါအတိုင်း ဆောင်ရွက် ပေးလျက်ရှိပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၆) ခု

  • မြို့နယ်ပေါင်း (၉၄) မြို့နယ်

  • အသင်းပေါင်း (၄၈၂၅) သင်း

  • အသင်းသားဦးရေ (၂၇၁၆၀) ဦး

  • ထုတ်ချေးငွေပေါင်း (၄၁၇၆၆.၉၈၂)ကျပ်သန်း

စိုက်ပျိုးရေးသမဝါယမအသင်းသားများအား ချေးငွေထုတ်ချေးနေပုံ

မျိုးစေ့ထုတ်သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု

မျိုးစေ့ထုတ်သမဝါယမအသင်းများသည် အောက်ပါအတိုင်း မျိုးစေ့ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခု

  • မြို့နယ်  (၂၈) မြို့နယ်

  • အသင်း  (၄၄) သင်း

  • အသင်းသား (၅၇၂) ဦး

  • မျိုးစေ့ထုတ်ဧက(၁၉၃၅.၇၈) ဧက

  • ပံ့ပိုးငွေ (၁၇၁.၂၆၉) ကျပ်သန်း

    • နိုင်ငံ့စီးပွားမြှင့်တင်ရေး (၆၅.၂၆၄)ကျပ်သန်း

    • အသင်းပိုင် (၈၈.၀၀၅) ကျပ်သန်း

    • သက်တန့်ရောင်ထောက်ပံ့ငွေ(၁၈.၀၀၀)ကျပ်သန်း

မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများ

ငါးကုန်ထုတ်သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု

မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများအနက် တိုင်းဒေသကြီး/ပြည်နယ် (၇)ခု၊ မြို့နယ်(၁၃)မြို့နယ်တွင် သမဝါယမအသင်း(၁၉)သင်းမှ အသင်းပိုင်/ အသင်းသားပိုင် မွေးမြူရေး ကန်/ အင်း (၈၂၃)ကန်နှင့် အကျယ်အဝန်း (၂၆၁၀.၈၁)ဧကတို့အနက် ငါးမွေးကန်(၄၃၆)ကန်နှင့် အကျယ်အဝန်း (၁၅၉၄.၂၅)ဧကတို့ တွင် အောက်ပါအတိုင်း ငါးအမျိုးမျိုး မွေးမြူဆောင်ရွက် လျက်ရှိပါသည်- 

  • တိုင်းဒေသကြီး/ ပြည်နယ် (၇) ခု

  • မြို့နယ် (၁၃) မြို့နယ်

  • အသင်း (၁၉) သင်း

  • ကန် (၄၃၆) ကန်

  • ကန်/အင်းအကျယ်ဧက (၁၅၉၄.၂၅) ဧက

  • ပံ့ပိုးငွေ(၅၇၁.၇၇၁)ကျပ်သန်း

  • မွေးမြူသည့်ငါးအမျိုးအစား (ငါးခေါင်းပွ၊ ငါးခုံးမ၊ ငါးမြစ်ခြင်း၊ ရွှေဝါငါး၊ ငါးဒန်၊ ငါးမုတ်၊ ငါးသားပေါက်၊ ငါးကြင်း)

ထို့ပြင် မွေးမြူရေးသမဝါယမအသင်းများမှ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွား၊ ငါး၊ သိုး၊ ကျွဲစသည်တို့ မွေးမြူလျက်ရှိပြီး မွေးမြူရေးကုန် ကျစရိတ်များကို အသင်းသားများ၏ အစု၊ စုဆောင်းများအပါအဝင် အသင်းပိုင်/ အသင်းအချင်းချင်းပံ့ပိုးငွေ/နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)မှ ပံ့ပိုးငွေတို့ဖြင့် အောက်ပါ အတိုင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခု

  • မြို့နယ်ပေါင်း (၁၂၇) မြို့နယ်

  • အသင်းပေါင်း (၁၄၁၇) သင်း

  • အသင်းသားဦးရေ (၂၆၇၉၇၂) ဦး

  • ထုတ်ချေးငွေပေါင်း (၄၂၁၀၇.၂၀၇) ကျပ်သန်း

  

ကုန်ထုတ်သမဝါယမအသင်းများ

စက်မှုကုန်ထုတ်သမဝါယမအသင်းများ၏လုပ်ငန်းဆောင်ရွက်မှု

စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းများမှ စက်မှု လက်မှု လုပ်ငန်းငယ်များ ရင်းနှီးငွေများရရှိစေရန်ရည်ရွယ်၍ ငွေစုငွေချေး လုပ်ငန်းဆောင်ရွက်ပြီး (၃၁-၇-၂၀၂၆)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

  • တိုင်းဒေသကြီး/ ပြည်နယ် (၉) ခု

  • မြို့နယ် (၃၅) မြို့နယ်

  • အသင်း (၇၃) သင်း

  • အသင်းသား (၄၅၉၂) ဦး

  • အစုငွေ (၄၁.၃၈) ကျပ်သန်း

  • စုဆောင်းငွေ (၂၄၃.၃၅) ကျပ်သန်း

  • ထုတ်ချေးငွေ (၁၂၄၉.၂၈၈) ကျပ်သန်း

 

စက်ရုံအလုပ်ရုံလုပ်ငန်းများဆောင်ရွက်မှု

စက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်းပိုင် စက်ရုံ/အလုပ်ရုံ(၃၂)ရုံမှ ဆန်စက်လုပ်ငန်း၊    ဆီစက်လုပ်ငန်း၊   စက္ကူလုပ်ငန်း၊  ရက်ကန်းလုပ်ငန်း၊ နှမ်းအခွံချွတ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ရေခဲ လုပ်ငန်း၊ နို့ဆီလုပ်ငန်း၊ မီးခံအုတ်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ ငါးလုပ်ငန်း၊ ကျောက်ပြားလုပ်ငန်း၊ ဝါစက်လုပ်ငန်း၊ တံမြက်စည်းလုပ်ငန်း၊ သကြားထုတ်လုပ်ခြင်းလုပ်ငန်းစသည်တို့ကို လုပ်ကိုင်လျက်ရှိပြီး ထွက်ရှိလာသည့်ပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အသင်းသားပြည်သူများအား ရောင်းချပြီး (၃၁-၇-၂၀၂၆) ရက်နေ့အထိ စက်မှုလက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • တိုင်းဒေသကြီး/ ပြည်နယ် - ၁၀ ခု

  • မြို့နယ် - ၂၇ မြို့နယ်

  • အသင်း - ၂၇ သင်း

  • စက်ရုံ - ၃၂ ရုံ

  • ထုတ်လုပ်သည့်ပစ္စည်းများ - ဆန်၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မုန့်ညှင်းဆီ၊ တစ်သျှူးစက္ကူ၊ နှစ်ဖက်ချောစက္ကူ၊ ကချင်ရိုးရာ ကျား/မဝတ်လုံချည်၊ ဝါချည်မျှင်၊ နို့ဆီ၊ နို့မှုန့်၊ မြေပဲဆီ၊ သကြား၊ ဝါကြိတ်ခွဲ၊ နှမ်းအခွံချွတ်၊ ကြွေထည်၊ မြေထည်၊ ဆပ်ပြာ၊ အဝတ်အထည်၊ ငါးအေးခဲ၊ တံမြက်စည်း၊ ကျောက်ပြား။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောဧရာရက်ကန်းကုန်ထုတ်သမဝါယမအသင်း

ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product)လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်မိမိတို့မြို့နယ်အတွင်းရှိကုန်ကြမ်းများရရှိမှုနှင့် ငွေကြေးအရင်းအနှီး ပေါ်မူတည်၍ ဝါးခမောက်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ဂျုံရိုးဦးထုပ်လုပ်ငန်း၊ ဝါးကုန် ထုတ်လုပ်ငန်း၊ပလက်စတစ်ကြိုးဖြင့်ပြုလုပ်သည့် ခြင်းတောင်းလုပ်ငန်း၊ တံမြက်စည်း လုပ်ငန်း၊ ထန်းဖြင့်ပြုလုပ်သည့်လုပ်ငန်း၊ သင်ဖျာလုပ်ငန်း၊ အိုးကုန်ထုတ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ မုန့်လုပ်ငန်း၊ အိုးစည်လုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းများ ဆောင်ရွက်နေသည့် သမဝါယမအသင်းများရှိ အလုပ်သမား အသင်းသားများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၃၁-၇-၂၀၂၆)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  • တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခု

  • မြို့နယ် (၄၃) မြို့နယ်

  • အသင်း (၈၀) သင်း

  • အသင်းသား (၃၁၇၆) ဦး

  • အစုငွေ (၄၀၂.၀၇၆) ကျပ်သန်း

  • ဆောင်ရွက်သည့်လုပ်ငန်း - ကချင်ရိုးရာ ကျား/မဝတ်လုံချည်၊ ရှမ်းရိုးရာဝတ်စုံ၊ ဝါး လက်မှုထည်ပစ္စည်းများ (ခမောက်၊ ကြိမ်ခြင်း) စား သောက်ကုန်ပစ္စည်းများ (ကော်ဖီ၊ နို့ထွက်ပစ္စည်းများ၊ ပဲကြော်၊ ပဲလှော်၊ မာလာရှမ်းကော၊ ယိုမျိုးစုံ၊ စွန်တန်ခြောက်/ လက်ဖက်ခြောက်/ ဓနိဖူးခြောက်၊ ပန်းသီး/သစ်သီး ဝိုင်၊ မျှင်ငပိ ၊ ငါးခြောက်၊ နနွင်းမှုန့်၊ ငရုပ်ခွဲခြမ်းမှုန့်၊ အရောင်တင်မှုန့်)  နှီးဖြင့် ထုတ်လုပ် သောအိမ်သုံးပစ္စည်းများ (တောင်း၊ ယပ်တောင်၊ ဖျာ၊ ဇကော၊ ဇကာ)၊ ဒါန်သတ္တု၊ ခေါင်းအုံး၊ ဖက်လုံး၊ ဖယောင်းတိုင်၊ လက်သုတ်ပုဝါ၊ တံမြက်စည်း၊ ဓား၊ ထီး၊ ရှမ်းစက္ကူ၊ပြည်တောင်း၊ ကျောက်သင်ပုန်း၊ စဉ့်ထည်

နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊သနပ္ပင်ဆိပ်(နောက်)ကျေးရွာ၊ ကျောက်စိမ်းဝေစိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်း၏ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village  One Product- OVOP) လုပ်ငန်းမှ တံမြက်စည်း ထုတ်လုပ်မှု မှတ်တမ်းဓါတ်ပုံများ

ရွာလုလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာရှိ ရွာလုလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းအား(၃၀-၆-၁၉၉၃)ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အသင်းမှတ်ပုံတင် အမှတ်မှာ ခ-၆၃၅(လထ)ကျပတ ဖြစ်ပြီး အသင်းသား (၆၅)ဦးရှိသည်။ အသင်းမှ တောင်း၊ ဇကော၊ ဇကာတို့ ထုတ်လုပ်လျက်ရှိပါသည်။ (၁)လလျင် တောင်း၊ ဇကော၊ ဇကာ၊ အလုံးပေါင်း ပျမ်းမျှထုတ်လုပ်မှုအရေအတွက် (၄၁၀၀)ခု၊ တန်ဖိုးငွေကျပ်(၀.၆၁၅)သန်းနှင့် (၁)လလက်ကား ရောင်းချမှုအနေဖြင့် အရေအတွက် (၄၁၀၀)ခု၊ တန်ဖိုးငွေကျပ်(၀.၆၉၇)သန်း ရောင်းချဖြန့်ဖြူး နိုင်ခဲ့ပြီး လက်လီရောင်းချမှုမရှိပါ။

ရွာလုလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှု

ရွှေရတီ(ငရုတ်)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သမန်းကျားကျေးရွာ၊ ငှက်မင်းကုန်း ကျေးရွာ အုပ်စုရှိ ရွှေရတီ(ငရုတ်)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအား (၂၄-၉-၂၀၂၃) ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အသင်းမှတ်ပုံတင်အမှတ်မှာ ခ-၇၂၆၆(လထ)သာစည် ဖြစ်ပြီး အသင်းသား(၁၃)ဦး ရှိသည်။ အသင်းမှ ငရုတ်သီးခွဲကြမ်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ ထုတ်လုပ်လျက်ရှိပါသည်။ (၁)လလျှင် ငရုတ်သီးခွဲကြမ်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့် နှင့် ငရုတ်သီးအလှော်မှုန့်စုစုပေါင်းပျမ်းမျှအရေအတွက်(၉၆၀၀၀)ထုတ်၊ တန်ဖိုးငွေကျပ် (၁၂.၄၈) သန်းအား ထုတ်လုပ်နိုင်ခဲ့ပြီး  (၁)လတာအတွင်း ငရုတ်သီးခွဲကြမ်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့် စုစုပေါင်းအရေအတွက်(၉၆၀၀၀)ထုတ်၊ တန်ဖိုးငွေကျပ်(၁၄.၄၀)သန်းအား လက်ကားဖြန့်ဖြူးရောင်းချနိုင်ခဲ့ပါသည်။

ရွှေရတီ(ငရုတ်)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှု

ရွှေရတီ(ငရုတ်)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှု

ရွှေရတီ(ငရုတ်)စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှု

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှသမဝါယမဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က ၎င်းတို့အစီအစဉ်ဖြင့်ဆောင်ရွက်သော နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ(သမဝါယမကဏ္ဍ)မှ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်ထိ တိုင်းဒေသကြီး (၃)ခုမှ (၂၁၈၅.၄)ကျပ်သန်း၊ ပြည်နယ်(၇)ခုအတွက် (၇၁၇၂.၆၁)ကျပ်သန်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ (၈၀.၀)ကျပ်သန်း၊ (၄၆)မြို့နယ်၊ အကျိုးပြုကျေးရွာ (၁၃၂)၊အသင်း(၂၅၇)သင်းရှိ အသင်းသား (၉၅၇၁)ဦးတို့အား စုစုပေါင်း(၉၄၃၈.၀၁) ကျပ်သန်းတို့ကို စိုက်ပျိုးရေးသွင်းအားစုနှင့် ထွန်ယက်စရိတ်ထောက်ပံ့ပေးခြင်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကန်ထရိုက်လယ်ယာလုပ်ငန်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်း၊ ဆီစက်အဆင့်မြှင့်နှင့် ဆီကြိတ်ခွဲလုပ်ငန်းနှင့် ရာဘာလုပ်ငန်း စသည့် လုပ်ငန်းများအလိုက် ရန်ပုံငွေပံ့ပိုးဆောင်ရွက်ထားပါသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ နိုင်ငံတော်ထောက်ပံ့ငွေ လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် စက်ကိရိယာလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အောက်ပါအတိုင်း ပံ့ပိုးဆောင်ရွက် လျက်ရှိပါသည် -

 

စဉ် ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ ပြည်နယ် ပံ့ပိုးငွေ (ကျပ်သန်း)
စိုက်ပျိုးရေး မွေးမြူရေး စက်ကိရိယာ စုစုပေါင်း
၂၀၂၃-၂၀၂၄ နေပြည်တော် ၁၂.၀၀၀ ၁၁.၀၀၀   ၂၃.၀၀၀
၂၀၂၄-၂၀၂၅ နေပြည်တော် ၆၅၂.၁၇၄     ၆၅၂.၁၇၄
ဧရာဝတီ ၁၀၀.၀၀၀ ၁၄၁.၄၀၀   ၂၄၁.၄၀၀
ပေါင်း   ၇၅၂.၁၇၄ ၁၄၁.၄၀၀   ၈၉၃.၅၇၄
၂၀၂၅-၂၀၂၆ နေပြည်တော် ၆၁၉.၈၀၀     ၆၁၉.၈၀၀
ပဲခူး ၂၈၁.၂၀၀     ၂၈၁.၂၀၀
မကွေး ၂၀၄.၆၂၄     ၂၀၄.၆၂၄
မန္တလေး ၁၁၇.၃၄၄ ၁၀၀.၀၀၀ ၁၅၀.၀၀၀ ၃၆၇.၃၄၄
ပေါင်း   ၁၂၂၂.၉၆၈ ၁၀၀.၀၀၀ ၁၅၀.၀၀၀ ၁၄၇၂.၆၉၈

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ

နိုင်ငံတော်ထောက်ပံ့ငွေဖြင့်လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းစိုက်ပျိုးရေးလုပ်ငန်းနှင့်သွင်းအားစု(မျိုး) ထောက်ပံ့ပေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ

နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းစိုက်ပျိုးရေးလုပ်ငန်း နှင့် သွင်းအားစု(မျိုး)ထောက်ပံ့ပေးခြင်းလုပ်ငန်းများအနေဖြင့် ပြည်ထောင်စု နယ်မြေနေပြည်တော်တွင် မြို့နယ်(၈)မြို့နယ်၊ အသင်းပေါင်း(၁၃၂)သင်းမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် ပံ့ပိုးငွေ(၆၅၂.၁၇၄)သန်းနှင့် ဧရာဝတီတိုင်းဒေသ ကြီးတွင် မြို့နယ်ပေါင်း(၆)မြို့နယ်၊ အသင်းပေါင်း(၆)သင်းမှ စိုက်ပျိုးရေး လုပ်ငန်းအတွက်ပံ့ပိုးငွေ(၁၀၀)သန်းနှင့်မွေးမြူရေးလုပ်ငန်းအတွက် မြို့နယ်(၈)၊ အသင်းပေါင်း(၈)သင်းမှ(၁၄၁.၄၀)သန်းအား ပံ့ပိုးဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံတော်ထောက်ပံ့ငွေဖြင့်လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(ဧရာဝတီတိုင်းဒေသကြီး)

နိုင်ငံတော်ထောက်ပံ့ငွေဖြင့်လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(နေပြည်တော်)

နိုင်ငံတော်ထောက်ပံ့ငွေဖြင့်လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(နေပြည်တော်)

အောင်လံမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်လံသားစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစုလီမိတက်၏ စပါးအခြောက်ခံစက်နှင့် ကြိတ်ခွဲသန့်စင်စက်လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံ

အောင်လံမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်လံသားစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစုလီမိတက်၏ စပါးအခြောက်ခံစက်နှင့် ကြိတ်ခွဲသန့်စင်စက်လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံ

စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(ပဲခူးတိုင်းဒေသကြီး)

စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(ပဲခူးတိုင်းဒေသကြီး)

စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(မကွေးတိုင်းဒေသကြီး)

စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(မကွေးတိုင်းဒေသကြီး)

စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(မန္တလေးတိုင်းဒေသကြီး)
စီမံကိန်းဆောင်ရွက်မှုမှတ်တမ်း(မန္တလေးတိုင်းဒေသကြီး)

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ/ တိုင်းဒေသကြီး/ ပြည်နယ် ဘတ်ဂျက်မှ ပံ့ပိုးငွေအသင်းပိုင်ငွေ များဖြင့် နွေစပါးစီမံကိန်းဆောင်ရွက်မှု

 ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ/ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ/နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်)/အသင်းပိုင်ငွေများဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစီမံကိန်း ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

တိုင်းဒေသကြီး/ ပြည်နယ်  (၈) ခု

မြို့နယ်  (၉၆) မြို့နယ်

အသင်း (၃၉၇) သင်း

အသင်းသား (၁၂၅၉၄) ဦး

နွေစပါးစိုက်ဧက (၈၁၂၂၅.၃၄၄)ဧက

ရိတ်သိမ်းပြီးဧက (၅၃၁၈၁) ဧက

ရိတ်သိမ်းရန်ကျန်ဧက(၆၃၆၃၄.၃၄၄)ဧက

(၁)ဧကပျမ်းမျှအထွက်နှုန်း (၁၀၆) တင်း

ပံ့ပိုးငွေ (၁၉၅၅၀.၇၂၀) ကျပ်သန်း

နွေစပါးစီမံကိန်းဆောင်ရွက်မှု

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ/ တိုင်းဒေသကြီး/ ပြည်နယ် ဘတ်ဂျက်မှ ပံ့ပိုးငွေအသင်းပိုင်ငွေ များဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်မှု

၂၀၂၆-၂၀၂ဘဏ္ဍာရေးနှစ်တွင် မိုးစပါး စိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်သည့် တိုင်းဒေသကြီး/ပြည်နယ်(၁၃)ခု၊ မြို့နယ်(1၄၀)မြို့နယ်၊ အသင်း (၁၀၅၈)သင်းမှ မိုးစပါး စိုက်ဧက(180771)ဧကအတွက် (၁)ဧကလျှင် ကျပ်(၂/၂.၅/၃)သိန်းနှုန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများအတွက် နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင် စီမံကိန်း)မှ စိုက်ဧက (၁၆၆၉၆)ဧကအတွက် ကျပ်(၄၂၁၁.၅၄၁)သန်း အပါအဝင် ပံ့ပိုးငွေကျပ်(၄၄၂၉၂.၆၅၄)သန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများ ဖြန့်ဖြူးပေး ထားပြီး ဖြစ်ပါသည်။

မိုးစပါး စိုက်ပျိုးမည့်(၁၈၀၇၇၁)ဧကအနက် (၁၂၈၉၁၆)ဧက စိုက်ပျိုးပြီး (၅၁၈၅၅) ဧက စိုက်ပျိုးရန် ကျန်ရှိပါသည်။

မိုးစပါးစီမံကိန်းဆောင်ရွက်မှု

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် မအူပင်မြို့နယ် စည်ပင်ကုန်းကျေးရွာ ဖွံ့ဖြိုးအောင်စိုက်/ထွေသမဝါယမအသင်းသို့ မိုးစပါးသွင်းအားစုထုတ်ပေးမှုမှတ်တမ်း

ကန်ကြီးထောင့်မြို့နယ် ကျုံပဒုတ်ကျေးရွာရှိ ပြည့်ဖြိုးကျော် စိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်း၏ ​ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရန် ထွန်ယက်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် မှတ်တမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြောင်းမြမြို့နယ် ကြာဖူးငုံကျေးရွာ ကုမုဒြာစိုက်/ထွေ သမဝါယမအသင်းမှ နွေစပါးစိုက်ပျိုးထားသည့်မှတ်တမ်း

တိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြောင်းမြမြို့နယ် မြမျိုးသန့် သမဝါယမအသင်းအား ပံ့ပိုးငွေထုတ်ပေးနေသည့်မှတ်တမ်း

တိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြောင်းမြမြို့နယ် မြမျိုးသန့် သမဝါယမအသင်းအား ပံ့ပိုးငွေထုတ်ပေးနေသည့်မှတ်တမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်းသားများ မိုးစပါးရိတ်သိမ်းမှုမှတ်တမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်းသားများ မိုးစပါးရိတ်သိမ်းမှုမှတ်တမ်း

ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မှု

၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးရေးစီမံကိန်းအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ လျာထားဧကအပေါ် သမဝါယမကဏ္ဍမှ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုတွင် မြို့နယ်(၉၁)မြို့နယ်၊ အသင်း(၇၂၆)သင်း၊ အသင်းသား(၂၃၀၈၂) ဦး၏ မြေပဲစိုက်ဧက (၉၈၇၀၈.၅၀)ဧကအားလုံးရိတ်သိမ်းပြီး (၁)ဧကလျှင်(၆၆.၇၅) တင်းနှုန်းဖြင့် အထွက်ပမာဏ(၆၅၈၈၃၀၅)တင်း ထွက်ရှိပါသည်။ (၁)ဧကလျှင်ကျပ် (၂/ ၂.၅ /၃/ ၄) သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများအတွက် ပံ့ပိုးငွေ ကျပ် (၂၉၆၈၇.၉၀၉)သန်းအနက် ကျပ်(၂၈၁၁၂.၆၈၁) သန်းအား ပြန်လည်ပေးဆပ်ပြီး ကျပ်(၁၅၇၅.၂၂၈)သန်း ပေးဆပ်ရန်ကျန်ရှိပါသည်။

၂၀၂၆-၂၀၂၇ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုတွင် မြို့နယ်(၉၅)မြို့နယ်၊ အသင်း(၇၀၆)သင်း၊ အသင်းသား (၂၃၃၅၂)ဦး၏ မြေပဲစိုက်ဧက(၁၀၀၀၀၀) လျာထားအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့်အခြေအနေ

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ ဝါစိုက်ပျိုးမည့် တိုင်းဒေသကြီး (၄)ခုရှိ မြို့နယ်(၃၂)မြို့နယ်တွင် သမဝါယမအသင်း(၅၁၇)သင်း၊ အသင်းသား (၁၉၂၄၃)ဦးမှ လျာထားဧက(၈၀၀၀၀)ဧကအပေါ် အောက်ပါအတိုင်း ဆောင်ရွက်ပြီး ဖြစ်ပါသည်-

မိုးကြိုဝါ စိုက်ပျိုးသည့် မန္တလေးတိုင်းဒေသကြီးတွင်(၂၆၃၀)ဧကအနက် (၂၅၈၀) ဧက(၂)ကြိမ်မှ (၅)ကြိမ် ရိတ်သိမ်းခူးဆွတ်မှုမှ (၆၁၁၄၃၀) ပိဿာထွက်ရှိခဲ့ပြီး (၁)ဧကပျမ်းမျှ အထွက်နှုန်း (၂၃၇)ပိဿာ ထွက်ရှိခဲ့ပါသည်။

မိုးဝါစိုက်ပျိုးမှုအနေဖြင့် နေပြည်တော်၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးဝါ(၂၀၀၂၀)ဧကအတွက် (၁)ဧကလျှင် ကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော ကျပ် (၄၅၈၆.၅၅၀)သန်းတန်ဖိုးရှိ မျိုးနှင့်သွင်းအားစု များပံ့ပိုးပေးထားပြီးဖြစ်ပါသည်။ မိုးဝါစိုက်ပျိုးမည့်(၂၀၀၂၀)ဧကအနက် (၁၀၉၆၂)ဧက စိုက်ပျိုးထားပြီး (၉၀၅၈) ဧက စိုက်ပျိုးရန်ကျန်ရှိပါသည်။

မိုးနှောင်းဝါစိုက်ပျိုးမှုအနေဖြင့် ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးနှောင်းဝါ (၄၄၃၉၄)ဧကအတွက် (၁)ဧကလျှင်ကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော ကျပ်(၇၄၆၄.၀၃၄)သန်း တန်ဖိုးရှိ မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးထားပြီး ဖြစ် ပါသည်။ မိုးနှောင်းဝါ(၄၄၃၉၄)ဧကအနက် (၃၉၈၃)ဧက စိုက်ပျိုးပြီး (၄၀၄၁၁) ဧကစိုက်ပျိုးရန် ကျန်ရှိပါသည်။

 

ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်း

ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်း

နို့စားနွားမွေးမြူရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း

သမဝါယမဦးစီးဌာနအနေဖြင့်  အသားတိုးနွားမွေးမြူရေးလုပ်ငန်းကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း လယ်ဝေးမြို့နယ် တလုတ်ပင်ကျေးရွာရှိ ဒို့မြန်မာ အထွေထွေစီးပွား‌ရေးလုပ်ငန်း သမဝါယမအသင်းတွင် အောက်ပါအတိုင်း မွေးမြူ ဆောင်ရွက်လျက်ရှိပါသည် -

ဒို့မြန်မာ အထွေထွေစီးပွား‌ရေးလုပ်ငန်း သမဝါယမအသင်းတွင် ခေတ်မီ အဆင့်မြင့်အသားတိုးနွားမွေးမြူရေးလုပ်ငန်းကို (၂၅-၁၀-၂၀၂၅)ရက်နေ့ တွင် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

အစီရင်ခံသည့်ကာလတွင်  စပ်မျိုးအသားတိုး နွားသားပေါက် (၄)ကောင် အပါအဝင် စပ်မျိုးအသားတိုးနွား(၅၃)ကောင်နှင့် ဒေသနွားသားပေါက် (၂၇) ကောင်အပါအဝင် ဒေသနွား(၄၅၂)ကောင်၊ စုစုပေါင်းအသားတိုးနွား ကောင်ရေ (၅၀၅)ကောင် မွေးမြူထားရှိပါကြောင်း တင်ပြအပ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း

သမဝါယမဦးစီးဌာနအနေဖြင့်  နို့စားနွားမွေးမြူရေးလုပ်ငန်းကို မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ မြို့နယ်(၄)မြို့နယ် (မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်)နှင့် တံတားဦးမြို့နယ်ရှိ ကျေးရွာ/ရပ်ကွက် (၂၇)ခု၊ သမဝါယမအသင်း (၂၇)သင်းတွင် အောက်ပါအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည် -

မိတ္ထီလာခရိုင်အတွင်း နို့စားနွားမွေးမြူရေးစီမံကိန်းအရ သမဝါယမအသင်း ပိုင်ငွေနှင့် အသင်းအချင်းချင်းပံ့ပိုးငွေများဖြင့် မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ တံတားဦးနှင့် ပြင်ဦးလွင်စသည့် (၆)မြို့နယ်တွင် စပ်မျိုးနို့ စားနွားကောင်ရေ(၁၃၃၈)ကောင်နှင့် ဒေသနွားကောင်ရေ(၁၀၁၉)ကောင်၊ စုစုပေါင်း နွားကောင်ရေ (၄၁၃၁)ကောင် မွေးမြူထားရှိပါသည်။

(၁)ပိဿာ(၃၅၀၀-၄၀၀၀-၅၀၀၀)ကျပ်နှုန်းဖြင့် ဒေသတွင်း အရောင်းဆိုင်များ၊ စားသုံးသူများထံ ရောင်းချပေးလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း

သမဝါယမဦးစီးဌာနအနေဖြင့် နို့စားနွားနှင့်အသားစားနွား မွေးမြူရေးလုပ်ငန်း ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၇)မြို့နယ်(သန်လျင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး)ရှိ ကျေးရွာ/ရပ်ကွက် (၈)ခု၊ သမဝါယမအသင်း(၈)သင်းတွင် နို့စားနွား ကောင်ရေ (၅၅၆)ကောင်၊ စပ်မျိုးအသားတိုး နွားကောင်ရေ (၁၄)ကောင်နှင့် ဒေသနွားကောင်ရေ (၅၁) ကောင်၊ စုစုပေါင်းနွား ကောင်ရေ (၆၂၁)ကောင်ကို မွေးမြူထားရှိပါသည်။ (၁)ပိဿာ (၄၀၀၀- ၅၀၀၀) ကျပ်နှုန်းဖြင့် ဒေသတွင်းရှိ အရောင်းဆိုင်များ၊ စားသုံးသူများထံ ရောင်းချလျက်ရှိပါသည်။

 

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်