နေပြည်တော် အောက်တိုဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင်စံပြကျေးရွာ (Village) သို့ သွားရောက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး တစ်ပိုင် တစ်နိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသော သင်တန်းသူများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ လုပ်ငန်းအရင်းအနှီးရရှိရေးတို့အတွက် ထောက်ပံ့ပေးလျက်ရှိသော စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တစ်ပိုင် တစ်နိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော သင်တန်းသူ (၅) ဦး၏ လုပ်ငန်းများ ရေရှည်ရပ် တည်နိုင်ရေးအတွက် တစ်ဦးလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် (၃) သိန်းစီ ထောက်ပံ့ပေးအပ် ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရပ်မိရပ်ဖများ၊ သင်တန်းသူများ၏ မိသားစုဝင်ငွေ တိုးရေး၊ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ရှိ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းသူစားရိပ်သာ အား ကြည့်ရှုစစ်ဆေးပြီး ရက်ကန်းနှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း၊ လက်ရက် ကန်း (၆)လသင်တန်း တက်ရောက်နေကြသော သင်တန်းသူများအတွက် ဆန်၊ ဆီ စားသောက်ဖွယ် ရာများ၊ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျောင်းအုပ်ဆရာမကြီး၊ နည်းပြဆရာမများ၊ သင်တန်းသူများနှင့်တွေ့ဆုံ အားပေးစကား ပြောကြား ကာ သင်တန်းသူများ၏ တစ်ဦးချင်းအခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လက်ရက်ကန်း (၆) လ သင်တန်း တက်ရောက်နေသော သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုများကို အားပေးကြည့်ရှုခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ မုန်ပင်ဆည်ကျေးရွာသို့ သွားရောက် ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မာရေးစီမံကိန်း RBF ရန်ပုံငွေဖြင့် မွေးမြူရေးအစုအဖွဲ့ (၄) ဖွဲ့ စုဖွဲ့ကာ နို့စားနွားမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး ရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က စီမံကိန်းစတင်ချိန်တွင် နို့စားနွား (၁၂) ကောင် ရှိပြီး ယခုအခါ သားပေါက် (၃) ကောင် တိုးပွားလာပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နွားစာအတွက် နေဗီယာ၊ မွန်ဘားဆား၊ အဲဗားဂရင်းမြက်များ စနစ်တကျ တိုးချဲ့စိုက်ပျိုးရေး၊ ဝါစေ့ကြိတ်ဖတ်များရရှိရေး၊ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံရေး၊ ထွက်ရှိသောနွားနို့ ဈေးကွက်ရရှိရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ၍ အစုအဖွဲ့များက လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံပြီး ကျေးရွာတွင် စိုက်ဧက (၃၀၀) ရှိ၍ သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးရေး၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် (၃) မိုင် (၆) ဖာလုံအနက် (၂) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖို ကျေးရွ်ချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ကျန်ရှိနေသည့်လမ်းပိုင်းအား ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးရေး မှာကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာသူကျေးရွာ သားများနှင့် တွေ့ဆုံခဲ့ပြီး သောက်သုံးရေကန်တူးဖော်ပေးရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လိန်တောကျေးရွာအုပ်စု၊ ကျောင်းရာကန်ကျေးရွာသို့ သွားရောက်၍ မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း (၅) သင်းနှင့် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၁) သင်းမှ အသင်းသားတောင်သူများ၊ တာဝန်ရှိ သူများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း မိုးကြိုဝါစိုက်ပျိုးခဲ့မှုနှင့် တစ်ဧကထွက်ရှိသော ပိဿာချိန်များ၊ မိုးဝါစိုက်ပျိုးထားမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေများ ပံ့ပိုး၍ တောင်သူများ၏ မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝ မြင့်မားရေး အတွက် စက်မှုကုန်ကြမ်းသီးနှံ ဝါ၊ စပါးနှင့် ဆီးထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သမဝါယမချေးငွေများ၊ မြစိမ်း ရောင်(ဆီထွက်သီးနှံနေကြာ) စီမံကိန်းချေးငွေ၊ သက်တံ့ရောင်စီမံကိန်းချေးငွေများကို သက်သာသော အတိုးနှုန်း၊ သီးနှံပေါ်ပေးစနစ်တို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိသည့်အပြင် ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးနေပါကြောင်း၊ တာဝန်ရှိ သူများကလည်း မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်း သက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများက မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် (၄) မျိုး မှန်ကန်ရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် အသင်းသားတောင်သူ ဦးထိန်ဝင်းက သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနား တက်ရောက်လာကြသော သမဝါယမ အသင်းသား တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက်သစ်စ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူ ဒေါ်ကေသီကျော်၏ လယ်မြေ (၂) ဧကတွင် TBL-195 ချည်မျှင်ရှည် ဝါမျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်