စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မား ရေး ရန်ပုံငွေထူထောင်ပေးခြင်း လုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ်လျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံ ငွေကျပ်သန်း (၃၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၅၆)ယူနစ် တိုးချဲ့ဆောင် ရွက်ရန်လျာထားခဲ့ပြီး အစီရင်ခံသည့်ကာလတွင် ကျေးရွာယူနစ် (၂၅)ယူနစ်၌ စိုက်ပျိုးရေးအစုအဖွဲ့ (၃၀)ဖွဲ့၊ မွေးမြူရေးအစုအဖွဲ့ (၄၃)ဖွဲ့၊ ကုန်ထုတ်လုပ်ငန်းအဖွဲ့ (၂၇)ဖွဲ့၊ စုစုပေါင်းအစုအဖွဲ့ (၁၀၀)ဖွဲ့၏ လုပ်ငန်းအဆိုပြုလွှာများ အတည်ပြုပြီးဖြစ်ပြီး အဆိုပါ (၁၀၀)ဖွဲ့အနက် (၄၁)ဖွဲ့ထံ ရန်ပုံငွေ လွှဲပြောင်း ပေပြီးဖြစ်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ကျန်ကျေးရွာယူနစ်များမှာ အဆိုပြုလွှာများ ရေးသားဆဲနှင့် ရန်ပုံငွေလွှဲပြောင်းနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်