နေပြည်တော် နိုဝင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် (၁) အောင်မင်္ဂလာရပ်ကွက်ရှိ ကိန္နရီချည်ချောလုံချည်စက်ရုံ၌ ဝမ်းတွင်း မြို့နယ်အတွင်းရှိ ကိန္နရီဝါစိုက်ပျိုးထုတ်လုပ်သူများသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းရှင်နှင့် အသင်းသားတောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေးကဏ္ဍမှစတင်၍ အထည်အလိပ်စက်မှုလုပ်ငန်းအထိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုလို လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် စက်ရုံဝန်းအတွင်း ချည်ချောပုဆိုး ထုတ်လုပ် နေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ထို့နောက် သာစည်မြို့နယ်၊ ကြက်မောက်ခေတ်မီစံပြကျေးရွာသို့ သွားရောက်ရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူးက ကြက်မောက်ခေတ်မီစံပြကျေးရွာနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ဒေသနွားနှင့် ဆိတ် မွေးမြူရေး အစုအဖွဲ့တောင်သူများက မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပြုံးကိုကိုက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စနစ်ကျသော မွေးမြူရေးလုပ်ငန်း များဖြစ်စေရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများနှင့် မွေးမြူသူများ အဆင်ပြေ အောင် နိုင်ငံတော်မှ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ တောင်သူများမှလည်း ကိုယ်တိုင်ပါဝင်မှရမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး အစုအဖွဲ့စနစ် ဆိတ်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ သာစည်မြို့၊ သမန်းကျားကျေးရွာရှိ ရွှေရတီ (ငရုတ်) စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်း(လီမိတက်) သို့သွားရောက်ရာ တာဝန်ရှိသူများမှ ငရုတ်သီးခွဲခြမ်း၊ ငရုတ် မှုန့်၊ နနွင်းမှုန့်၊ ဂျင်းမှုန့် ထုတ်လုပ်မှုများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် Value Added အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သည်များ ဆွေးနွေးမှာကြားပါသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့၌ အသင်းသားတောင်သူ ဦးမန်း၏ Raka-666 (BT) ဝါမျိုး ၃.၅ ဧက စိုက်ပျိုးထားသည့် ဝါစိုက်ခင်းတွင် ဝါများစိုက်ပျိုးဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ဖြင့် မျိုးကောင်း မျိုးသန့်ရရှိရေး ပံ့ပိုးဆောင်ရွက်နေသလို ကျေးလက်ပြည်သူ အစုအဖွဲ့များကလည်း ပူးပေါင်းထည့်ဝင် ဆောင်ရွက်နေတာကိုတွေ့ရတာ ဝမ်းသာပါကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် သမဝါယမ စနစ်ဖြင့် စနစ်တကျစိုက်ပျိုးမှုမှ ထွက်ရှိလာသော ဝါထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်သော MSME လုပ်ငန်းများနှင့် ချိတ်ဆက်ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါများစိုက်ပျိုးရာ တွင်လည်း တစ်ကွင်းတစ်ဆက်တည်းရှိသော စိုက်ခင်းများတွင် သမဝါယမစနစ်ဖြင့် စနစ်တကျ စုပေါင်းစိုက်ပျိုး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုး ထားသည့် ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အရည်အသွေးကောင်းမွန်သော ဝါသီးနှံများမှ ထွက်ရှိလာသော ဝါကုန်ကြမ်းများအား ဝါဂွမ်းအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ဝါချည်မျှင်ကုန်ကြမ်း ရရှိရေးသည် အရေးကြီးသည့်အတွက် နည်းလမ်းရှာဖွေပေးဖို့ ဖြစ်ကြောင်း၊ ထွက်ရှိလာသော ဝါဂွမ်းများကို ပြည်တွင်း/ပြည်ပဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်