နေပြည်တော် နိုဝင်ဘာ ၂၀
၂၀၂၆ ခုနှစ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမ အကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဒက္ခိဏသီရိမြို့နယ်၊ ရွှေပြည်တော်ဝင် သာမဏေကျော် ပရိယတ္တိစာသင်တိုက်၊ ဆရာတော် ဒေါက်တာဘဒ္ဒန္တဇေယျသေန အမှူးပြုသော ဆရာတော်အရှင်သူမြတ် (၉) ပါး ကြွရောက်တော်မူကြပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တကွ ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရစ္ဇျယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက သံဃာတော် အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့အား အသီးသီး ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်