Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ အမျိုးသားအကျိုးစီးပွားနှင့် တောင်သူအကျိုးစီးပွားကိုရှေ့ရှု၍ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေး တိုက်တွန်းမှာကြား


22 Nov,2026

နေပြည်တော် နိုဝင်ဘာ ၂၁

            မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hotel Max, Kumudra Grand Ballroom ၌ ကျင်းပရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်းနှင့် အသင်းဝင်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမှာစကား ပြောကြားရာတွင် ၂၀၂၆ ခုနှစ် နှစ်စပိုင်းတွင် ဖြစ်ပွားခဲ့သော အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ယူရီးယားဈေးနှုန်း မြင့်တက်မတည်ငြိမ်မှုအပေါ် ကုမ္ပဏီများစုပေါင်း၍ သမဝါယမစနစ် Consortium ဖွဲ့စည်းကာ အမြတ်မယူဘဲ စုပေါင်းဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့မှုကို အသိအမှတ်ပြုပါကြောင်း၊ နိုင်ငံတော် အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးစနစ်ဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်လျက်ရှိရာ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် အဓိကနည်းလမ်း (၄) သွယ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သွင်းအားစုများ တောင်သူများလက်ဝယ် စိုက်ပျိုးရာသီ အချိန်မီရောက်ရှိရေး ဖြန့်ဖြူးပေးနိုင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါကြောင်း ၊ စံချိန် စံညွှန်းပြည့်မီရေး၊ စျေးနှုန်းမှန်ကန်မျှတရေးနှင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ဦးတည် ဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွား၊ တောင်သူအကျိုးစီးပွားကိုရှေ့ရှု၍ ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန် မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းမှုကို လျှော့ချနိုင်ရန် ပြည်တွင်းသဘာဝမြေဩဇာ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ကြရန်၊ ကိုယ်စားလှယ်အရောင်း ဆိုင်များတွင် သတ်မှတ်ဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးကစားခြင်းမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်နှင့် လက်ကျန်စာရင်းများ သိရှိနိုင်ရေး Digital စနစ် အသုံးပြုကြရန် တိုက်တွန်း ပါကြောင်း ၊ နိုင်ငံတော်၊ အသင်းအဖွဲ့နှင့် တောင်သူလယ်သမားဟူသော မဏ္ဍိုင်ကြီး (၃) ရပ် အပြန် အလှန် အမှီသဟဲပြု၍ ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက သွင်းအားစု များဖြစ်သည့် မျိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အရည်အသွေးနှင့် အာမခံချက်ဆိုင်ရာဥပဒေ ကိစ္စရပ်များ ဆွေးနွေးမှာကြားပြီး မြန်မာနိုင်ငံ မြေဩဇာမျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်းက နှုတ်ခွန်းဆက်စကားပြောကြားကာ အသင်း၏လုပ်ငန်းဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးစိုးနိုင်က ၂၀၂၆-၂၀၂၈ ခုနှစ် သက်တမ်းကာလအတွက် ရွေးချယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များစာရင်းကို ကြေညာခြင်း၊ အကျိုးဆောင်စာရင်းစစ် ဦးရဲကျော်သူက Active Member အရေအတွက်နှင့် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်းနှင့် ၂၀၂၆ - ၂၀၂၈ သက်တမ်းကာလ ဥက္ကဋ္ဌ ဦးဇော်ထိန်က ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်