Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး


29 Nov,2026

နေပြည်တော် နိုဝင်ဘာ ၂၇

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သို့သွားရောက်ပြီး တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာများ၊ စစ်ကိုင်းခရိုင်အတွင်းမှ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်က တက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်၊ တက္ကသိုလ်မှ ပုံမှန်ဘွဲ့သင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး (HRD) သင်တန်းများဖွင့်လှစ်နိုင်မှု၊ ဘွဲ့ပေးအပ်ချီးမြှင့်နိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှု၊ သုတေသနစာတမ်းများ ပြုစုဆောင်ရွက်နိုင်မှု၊ နည်းပြလိုအပ်ချက်နှင့် ဖြည့်ဆည်းမည့် အစီအမံ တို့ကို တင်ပြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကို နိုင်ငံတော်အစိုးရက အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်အဆောင်များ ဥပဓိရုပ်ကောင်းအောင် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများမှလည်း စွမ်းရည်ရှိပြီး တက္ကသိုလ်၏မျှော်မှန်းချက် အတိုင်း ကျောင်းသားကျောင်းသူများကို အမှန်တကယ်တတ်မြောက်ရန် သင်ကြားပေးရန် လိုအပ် ကြောင်း၊ ယဉ်ကျေးပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ် ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပြီး လုပ်ငန်းခွင်တွင် အမှန်တကယ်လုပ်နိုင်စွမ်းရှိသော အသုံးချနိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်သော သင်ကြားရေးဖြစ်ရန်လိုအပ်ကြောင်း၊ သမဝါယမစနစ်၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး သင်ကြားပေးရန်နှင့် ပြန်လည်အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျေးလက် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနအချင်းချင်းပူးပေါင်း ချိတ်ဆက်ကာ စေတနာထားဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်မှ ဆောင်ရွက် ပေးနေသလို ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ထိန်းသိမ်းစေရန်အတွက် စည်းရုံးဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားပြီးနောက် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ တက္ကသိုလ် စာကြည့်တိုက်၊ သင်တန်းဆောင်၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားရုံတို့အား လှည့်လည်ကြည့်ရှုပြီးနောက် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန RC(၂) ထပ်ရုံး ပြန်လည်ပြင်ဆင် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဒီဇိုင်းအတိုင်း အရည်အသွေးပြည့်မီအောင် လမ်းညွှန်ချက် များနှင့် အညီဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊  ဆောင်းဒါးရက်ကန်းနှင့်သက်မွေးပညာသိပ္ပံသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံ ရာ၌ ကျောင်းအုပ်ကြီးက လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နည်းပြများ အရည်အသွေးပြည့်မီအောင်လေ့ကျင့်ရန်၊ သင်တန်းများတက်မြောက်အောင်သင်ကြားပေး ရန်၊ ခေတ်နှင့်အညီ ဈေးကွက်ဝင်ဒီဇိုင်းများ တီထွင်ဖော်ထုတ် သင်ကြားပေးရန် မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနရုံး တွင် သမဝါယမအသင်းများနှင့်တွေ့ဆုံရာ သမဝါယမအသင်းများမှ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို တင်ပြပါသည်။ အဆိုပါတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ဖြင့်စုပေါင်းဆောင်ရွက်ကြရန်၊ စနစ်တကျဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကမောင်းနှင်အား အသင်းများဖြစ်အောင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ကြိုးစားကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက် ကြရန် ရှင်းလင်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်