“သက်တန့်ရောင် စီမံကိန်း” ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၅၀)ဖြင့် မန္တလေးတိုင်းဒေသကြီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့် ကာလအထိ မွေးမြူရေးလုပ်ငန်းအတွက် မိတ္ထီလာမြို့နယ်ရှိ သမဝါယမအသင်း (၃)သင်း၊ အသင်းသား (၂၁)ဦးသို့ ငွေကျပ်သန်း (၁၀၀)နှင့်ညီမျှသော နို့စားနွား (၅၀)ကောင်ကို ပံ့ပိုးနိုင်ခဲ့ပြီး အစီရင်ခံသည့် ကာလတွင် စပ်မျိုးနွားသားပေါက် (၉) ကောင် တိုးပွားလာပြီဖြစ်ပါသည်။ စက်ကိရိယာပံ့ပိုးခြင်း လုပ်ငန်းအတွက် ကျောက်ဆည်မြို့၊ ပတ္တာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသို့ ကျပ်သန်း (၁၅၀) တန်ဖိုးရှိ ရိတ်သိမ်းခြွေလှေ့စက် (၁)စီးကိုလည်းကောင်း ဝယ်ယူပံ့ပိုးပေးပြီး ဖြစ်ပါသည်။
မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး စသည့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုတွင် မြို့နယ် (၁၆)မြို့နယ်၊ အသင်း (၆၀)သင်း၊ သမဝါယမ အသင်းသားတောင်သူ (၁၃၈၅)ဦးသို့ အထွက်တိုး စပါးမျိုး (၄၆၅၅.၂၀)တင်း၊ ကျပ် (၁၉၃.၈၇၇)သန်း၊ ပုလဲဓာတ်မြေဩဇာ (၃၂၆၅.၅၁) အိတ်၊ ကျပ် (၃၄၁.၁၀၈)သန်း၊ ကွန်ပေါင်းမြေဩဇာ (၄၄၆၂.၂၀) အိတ်၊ ကျပ် (၆၄၉.၈၀၄)သန်း၊ သဘာဝမြေဩဇာ (၁၁၈၂)အိတ်၊ ကျပ် (၂၇.၅၈၉) သန်း၊ မြေဩဇာ(ဖူးဝေ) (၆၁)အိတ်၊ ကျပ် (၆.၁၀၀)သန်း၊ ကျောက်မှုန့် (၂၄၄)အိတ်၊ ကျပ် (၄.၄၉၀)သန်း၊ စုစုပေါင်း ကျပ် (၁၂၂၂.၉၆၈)သန်းအား ပံ့ပိုးပေးပြီးဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်