စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ များနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မား ရေး ရန်ပုံငွေထူထောင်ပေးခြင်း လုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ်လျှင် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သန်း (၃၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၅၆)ယူနစ် တိုးချဲ့ ဆောင်ရွက်ရန်လျာထားခဲ့ပြီး အစီရင်ခံသည့်ကာလတွင် ကျေးရွာယူနစ် (၅၃)ယူနစ်၌ စိုက်ပျိုးရေး အစုအဖွဲ့ (၃၉)ဖွဲ့၊ မွေးမြူရေးအစုအဖွဲ့ (၁၃၇)ဖွဲ့၊ ကုန်ထုတ်လုပ်ငန်းအဖွဲ့ (၃၅)ဖွဲ့၊ စုစုပေါင်းအစုအဖွဲ့ (၂၁၁)ဖွဲ့၏ လုပ်ငန်းအဆိုပြုလွှာများ အတည်ပြုပြီးဖြစ်ပြီး အဆိုပါ (၂၁၁)ဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေး ပြီးဖြစ်ရာ လုပ်ငန်းများဆောင်ရွက် လျက်ရှိပါသည်။ ကျန်ကျေးရွာယူနစ်များမှာ အဆိုပြုလွှာများ ရေးသားဆဲနှင့် ရန်ပုံငွေ လွှဲပြောင်းနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်