သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၈၆၆)ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၄၁၉)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Session အခမ်းအနားကို ၈-၁၂-၂၀၂၅ နှင့် ၁၆-၁၂-၂၀၂၅ ရက်နေ့များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Donghua University၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State Uinversity ၊ UMFCCI၊ ရွှေရောင် လွင်ပြင်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုဆိုင်ရာ သမဝါယမအသင်းလီမိတက်နှင့် သီရိမေအမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်စသည့် တက္ကသိုလ်/ အသင်းအဖွဲ့များဖြင့် ခေါင်းစဉ် (၇)မျိုးကို ဆွေးနွေးခဲ့ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ အပါအဝင် ဆရာ/ ဆရာမ (၁၄)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၅၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်