ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးစေ ခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မား လာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာ စေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးက၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုက၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးက၊ အသင်း အဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းက၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက စသည့် က (၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၆၀)ရွာအား တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားပြီး အစီရင်ခံသည့်ကာလတွင် ကျေးရွာရွေးချယ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ဆဲဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်