Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(တ) ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း (Rural Business Fund-RBF) အကောင်အထည်ဖော်ဆောင်ရွက်မှု

စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အစုအဖွဲ့ စနစ် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မား ရေး ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကို ကျေးရွာယူနစ် (၁) ယူနစ်လျှင် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သန်း (၃၀)နှုန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တွင် ကျေးရွာယူနစ် (၇၄)ယူနစ်၊ ကျေးရွာ (၇၄)ရွာ တိုးချဲ့ဆောင်ရွက်ရန်လျာထားပြီး အစီရင်ခံသည့် ကာလတွင် စိစစ်ပြီး ကျေးရွာယူနစ် (၂၅)ယူနစ်၌ စိုက်ပျိုးရေးအစုအဖွဲ့ (၁၇)ဖွဲ့၊ မွေးမြူရေး (၇၃)ဖွဲ့၊ ကုန်ထုတ်လုပ်ငန်းအဖွဲ့ (၉)ဖွဲ့၊ စုစုပေါင်း အစုအဖွဲ့ (၉၉)ဖွဲ့ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှု (၃၄%) ဖြစ်ပါသည်။  

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်