ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက် မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) များကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၅၁)ဦး တက်ရောက်သင်ကြားနိုင်ခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသဖြင့် သမဝါယမ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိသည့် ကျောင်းသား/ ကျောင်းသူ(၁၈)ဦး၊ ပြင်ပသင်တန်းများနှင့် အခြေခံပညာကျောင်းများသို့ ဆက်လက် ပညာဆည်းပူး မည့် ကျောင်းသား/ သူ (၁၄)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ သမဝါယမ အသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် အလုပ်အကိုင်ရရှိသူ (၁၁၉)ဦး ဖြစ်ပါသည်။
သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းတို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများကို ၁၆-၆-၂၀၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း(၄၈၉)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်