Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နဝမအကြိမ် ဘွဲ့နှင်းသဘင်လျှောက်လွှာ ခေါ်ယူခြင်းနှင့် ဘွဲ့နှင်းသဘင်ကြေညာချက်

14 Jul,2025

၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ နဝမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်-
          လျှောက်လွှာတင်သွင်းရမည့်ရက် - (၁၄.၇.၂၀၂၅)ရက်နေ့မှ (၂၄.၇.၂၀၂၅)ရက်နေ့ထိ
          အစမ်းလေ့ကျင့်ရမည့်ရက်          - ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂)ရက် (စနေနေ့)
          အစမ်းလေ့ကျင့်ရမည့်အချိန်        - နံနက်(၀၉:၀၀)နာရီ (အစမ်းလေ့ကျင့်ခြင်းအား လျှောက်လွှာတင်သွင်းသူများ မပျက်မကွက် တက်ရောက်ကြပါရန်နှင့် နံနက်(၀၈:၃၀) နာရီတွင် နေရာယူပြီးဖြစ်ရန်)
          ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်     - ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၃)ရက် (တနင်္ဂနွေနေ့)
          ဘွဲ့နှင်းသဘင်ကျင်းပမည့်အချိန်   - နံနက်(၀၉:၀၀)နာရီ
          ဘွဲ့နှင်းသဘင်ကျင်းပမည့်နေရာ   - ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ
၂။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အား  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စတုတ္ထနှစ်သင်တန်း၊ မဟာဘွဲ့သင်တန်း၊ HRD Programme အောက်ရှိ MBA, MPA, MAR နှင့် Dip.HRM သင်တန်းများကို အောင်မြင်ခဲ့      သူများ လျှောက်ထားနိုင်ပါသည်။
၃။ သတ်မှတ်လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး လွန်ခဲ့သည့်(၃)လအတွင်း ရိုက်ကူးထားသော (၂ x ၁ ၁/၂ )လက်မ ရောင်စုံဓာတ်ပုံ (၃)ပုံ ပူးတွဲ၍ လျှောက်ထားရမည်။ မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ (အမျိုးသား)နှစ်သက်ရာဝတ်စုံကို အပြည့်အစုံဝတ်ဆင်၍ သပ်ရပ်စွာ ရိုက်ကူးထားသော ဓာတ်ပုံဖြင့်သာ လျှောက်ထားရမည်။
၄။ ဘွဲ့တက်ရောက်ယူမည့်သူများသည် (၁၅၀၀)ကျပ် (ကျပ်တစ်ထောင့်ငါးရာတိတိ)ကို လည်းကောင်း၊ အဝေးရောက် ဘွဲ့ယူမည့်သူများသည် (၁၀၀၀)ကျပ် (ကျပ်တစ်ထောင်တိတိ)ကိုလည်းကောင်း သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။
၅။ ရပ်ဝေးမှ ပေးပို့လိုသူများသည် စာတိုက်ငွေပို့လွှာ(Postal Money Order)ဖြင့် ပေးပို့ရမည်ဖြစ်ပြီး ငွေပို့လွှာ၏အောက်ခြေတွင် ဘွဲ့နှင်းသဘင်ကြေးပေးပို့ခြင်းဟု ဖော်ပြရမည့်အပြင် လျှောက်လွှာရှင်၏အမည်၊ စာမေးပွဲအောင်သည့်ခုနှစ်၊လ၊ စာမေးပွဲခုံအမှတ် စသည်များကို တိကျစွာ ဖော်ပြလျှောက်ထားရမည်။ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ငွေပို့လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။
၆။ ဘွဲ့တက်ရောက်ယူကြမည့်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနား တွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ(အမျိုးသား)တို့ကို အပြည့်အစုံ ဝတ်ဆင်မှသာ တက်ရောက်ခွင့်ပြုမည်။ 
၇။ တက်ရောက်ဘွဲ့လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်ကို အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့်အချိန်မှသာ ထုတ်ပေးမည်ဖြစ်သည်။
၈။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၏  ဖုန်း ၀၉-၄၀၀၄၆၈၁၆၄ ၊ ၀၉-၄၅၈၀၃၁၅၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 
ဌာနမှူး
သင်တန်းရေးရာဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်