ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမဦးစီးဌာန
နေပြည်တော်
အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်(ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး၊ မြို့နယ်ရုံး၊ သင်တန်းကျောင်း)တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်-
|
စဉ် |
ရာထူး/လစာနှုန်း |
နေရာ |
ပညာအရည်အချင်း |
|
(က) |
အငယ်တန်းစာရေး (၁၈၀၀၀ဝိ-၂၀၀၀-၁၉၀၀၀ဝိ) |
(၉၆) |
တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ (ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ) |
|
( ခ) |
ယာဉ်မောင်း(၅) (၁၆၂၀၀ဝိ-၂၀၀၀-၁၇၂၀၀ဝိ) |
(၄) |
အခြေခံပညာမူလတန်းအဆင့်ရှိသူ (ယာဉ်မောင်း"ခ"လိုင်စင်ရှိပြီး ယာဉ်ကိုကျွမ်းကျင်စွာမောင်းနှင်နိုင်သူ) |
|
( ဂ) |
ရုံးအကူ (၁၄၄၀၀ဝိ-၂၀၀၀-၁၅၄၀၀ဝိ) |
(၁၂) |
သမဝါယမဦးစီးဌာနအတွက်လျှောက်ထား သူများမှာ အခြေခံပညာအထက်တန်း အောင်နှင့်အထက်ရှိသူ၊ သင်တန်းကျောင်း အတွက်လျှောက်ထားသူများမှာ အခြေခံပညာ အလယ်တန်းအောင်မြင်သူ |
|
(ဃ) |
အစောင့် (၁၄၄၀၀ဝိ-၂၀၀၀-၁၅၄၀၀ဝိ) |
(၅) |
အခြေခံပညာမူလတန်းအဆင့်ရှိသူ |
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ) (၃၁-၁-၂၀၂၆)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက် (၄၀)နှစ်ထက်မကျော် လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်။
( င) ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါက ဌာန၏နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ မိတ္တူတင်ပြရမည်ဖြစ်ပြီး အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)ခံရသူများအနေဖြင့် လျှောက်ထားခွင့်မရှိပါ။
( စ) တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းနှင့်နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူများ အနေဖြင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်တစ်မျိုးမျိုးကျခံခဲ့ဖူးသူဖြစ်ပါက ပြစ်ဒဏ် အမျိုးအစားကို လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်။
၃။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုး၍) ပူးတွဲတင်ပြရမည် -
(က) ကိုယ်ရေးလျှောက်လွှာ
( ခ) ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဃ) အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ယာဉ်မောင်း-၅ ရာထူးအတွက် သက်ဆိုင်ရာ အခြေခံပညာ
အထက်တန်းကျောင်း၏ ထောက်ခံချက် လက်မှတ်မိတ္တူနှင့် ယာဉ်မောင်းလိုင်စင်မိတ္တူ၊ အစောင့်ရာထူးအတွက် သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၏ ထောက်ခံချက်လက်မှတ်မိတ္တူ
( င) (၂)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံ(၂)ပုံ (ဓါတ်ပုံကျောဘက် တွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)
( စ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်းနှင့်အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ကိုယ်တိုင်ကတိဝန်ခံချက်၊
( ဇ) အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (သက်တမ်းတိုးပြီး)
(ဈ) ကျန်းမာကြောင်းဆေးထောက်ခံစာ [လွန်ခဲ့သော (၁)ပတ်အတွင်း]
(ည) တာဝန်ကျရာ မည်သည့်ဒေသတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်နှင့် ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိ
၄။ လျှောက်လွှာကို သမဝါယမဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီး ဌာနရုံးများသို့ (၁၁-၂-၂၀၂၆)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက် ထက်ကျော်လွန်သော၊ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၅။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန အကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)သို့ (၁၁-၂-၂၀၂၆)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။ [ ကြိုတင်လျှောက်လွှာ(၁) စောင်ကို ရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။ ]
၆။ အငယ်တန်းစာရေးရာထူးအတွက် ရေးဖြေစာမေးပွဲကို ၎င်းတို့လျှောက်လွှာပေးပို့ခဲ့သည့် သမဝါယမဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနရုံးများတွင် ဖြေဆိုရမည် ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားကို (၁၉-၂-၂၀၂၆)ရက်နေ့မှ (၂၀-၂-၂၀၂၆)ရက်နေ့ထိ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကို (၂၃-၂-၂၀၂၆)ရက်နေ့တွင် (၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီထိ မြန်မာစာနှင့် (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ (၂၄-၂-၂၀၂၆)ရက်နေ့တွင် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီထိ သုတရေးရာဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။
၇။ ရုံးအကူ/အစောင့်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကို (၂၆-၂-၂၀၂၆)ရက်နေ့တွင် လည်းကောင်း၊ ယာဉ်မောင်း-၅ ရာထူးအတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းကို (၂၇-၂-၂၀၂၆)ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာတွင် ဖော်ပြချက်များနှင့်အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီးစေကာမူ ထုတ်ပယ်ခြင်းခံရမည်။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားလာရောက်ထုတ်ယူချိန်နှင့်ကျန်ရာထူးများအတွက် လက်တွေ့နှင့်လူတွေ့စစ်ဆေးခြင်း ဖြေဆိုရန် သတင်းပေးပို့ချိန်တွင် လျှောက်လွှာနှင့် ပူးတွဲတင်ပြခဲ့သည့် အထောက်အထားမူရင်းများ ကို တစ်ပါတည်းယူဆောင်လာရမည်။
၉။ အသေးစိတ်သိရှိလိုပါက သမဝါယမဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၁၆)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်-၀၆၇-၃၄၁၀၃၃၆)၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာန ရုံးများနှင့် သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး)သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သမဝါယမဦးစီးဌာန(ရုံးချုပ်)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်