ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
ကြေညာချက်
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း
၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်း (အထူးပြုဘာသာရပ်အားလုံး) (ဒုတိယနှစ်ဝက်)သင်တန်းများနှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းအား (၂၇-၁၀-၂၀၂၂)ရက်နေ့၌ ဝန်ကြီးဌာန website https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website https://ucmt.edu.mm တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၉၅၃၀၀၁၅၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်