Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ ကျေးရွာချင်းဆက်တံတားတည်ဆောက်နေမှုကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး


15 Jan,2025

ပင်းတယ ဇန်နဝါရီ ၁၄

          ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရှောက်ပင်ကျေးရွာနှင့် ဝါတရာကျေးရွာ လမ်းမပေါ်ရှိ ကျေးရွာချင်းဆက် တံတားတစ်စင်းတည်ဆောက်နေမှုကို ဇန်နဝါရီလ ဒုတိယပတ်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

             အဆိုပါ တံတားအရှည်မှာ ပေ ၄၀ ကွန်ကရစ်တံတားဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်သန်း ၁၉၀ ဒသမ ၂၇ဝ ဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေပြီး တံတားပြီးစီးမှုမှာ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်