မြို့သစ် ဇန်နဝါရီ ၁၄
မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း (ပြင်ထိန်း) အထွေထွေပိုလျှံ ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဇန်နဝါရီ ၁၃ ရက်က မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းနေအောင်ဆန်းတို့ ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ စစ်ဆေးရာတွင် လမ်း၊ တံတားများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ကိုဇော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်