Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


15 Jan,2025

ဘိုကလေး ဇန်နဝါရီ ၁၄

         ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ အဆိုပါ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်နေမှုများကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၃ ရက်တွင် ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။

        ထိုသို့  ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

မိုးစက်(ဘိုကလေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်