မအူပင် ဇန်နဝါရီ ၁၅
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက ဇန်နဝါရီ ၁၃ ရက်တွင် မအူပင်မြို့ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသော သောင်တန်း- တံခွန်တိုင်- မီးသွေးချောင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မအူပင်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)တာဝန်နှင့် ကုမ္ပဏီလုပ်ငန်း တာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အင်ဂျင်နီယာချုပ်(မြို့ပြ)က လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်