Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ရွှေပန်းတောလေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းနေမှု စစ်ဆေး


16 Jan,2025

အောင်လံ ဇန်နဝါရီ ၁၅

            မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အောင်လံ- ကျောက်ပန်းတောင်း- သမ္ဘူလလမ်းမှ ရွှေပန်းတောလေးကျေးရွာ၌ ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၄ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဘိုမင်းက သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ ရွှေပန်းတောလေးကျေးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်က လုပ်ငန်းများ သတ်မှတ် အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

            အဆိုပါ ရွှေပန်းတောလေး ကျေးရွာအဝင်လမ်း အရှည် ပေ ၂၆၄၀၊ အကျယ် ၁၈ပေ၊ အမြင့်ခုနစ် လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံ ငွေကျပ် သန်း၂၆၀ဖြင့် Global Green Line ကုမ္ပဏီက ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၅၅ ရာခိုင်နှုန်းကျော် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ဦးစီးအရာရှိ (မြို့ပြ) ဦးဘိုမင်းက ပြောပြ၍ သိရသည်။

ကိုလှိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်