Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်တွေမြို့နယ်၌ ယာယီဘေလီသံပေါင် သစ်သား ကြမ်းခင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


16 Jan,2025

စစ်တွေ ဇန်နဝါရီ ၁၅

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေနှင့်အဖွဲ့သည် ယမန်နေ့က စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီ သံပေါင်သစ်သားကြမ်းခင်း တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေးသည်။

          စစ်တွေမြို့နယ် မှန်စီကျေးရွာသွားလမ်းပေါ်ရှိ ယာယီဘေလီ သံပေါင်သစ်သားကြမ်းခင်း တံတားအလျားပေ ၄၀ တည်ဆောက်မှုကို စစ်တွေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၈ ဒသမ ၁၉ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးအတွက် အင်ဂျင်နီယာချုပ်က ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

တင်ထွန်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်