Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ နို့စားနွားမွေးမြူရေး ပံ့ပိုးငွေများ ပေးအပ်ပွဲ ကျင်းပ


17 Jan,2025

မိတ္ထီလာ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပျဉ်သာကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းထံသို့ မြို့နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နို့စားနွားမွေးမြူရေးလုပ်ငန်း လျာထားချက်အပေါ် တိုးချဲ့မွေးမြူရေးနိုင်ရေး အတွက် ပံ့ပိုးငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၅ က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပံ့ပိုးငွေပေးအပ်ပွဲတွင် သဲကုန်းကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမ အသင်း တာဝန်ရှိသူများထံသို့ ဖရီရှန်နို့စားနွား ၂၂ ကောင် မွေးမြူရန် ငွေကျပ် ၄၄ဝ သိန်း၊ နွားခြံဆောက်လုပ်ရန် ငွေကျပ် ၁၂ဝ သိန်းနှင့် နွားစာစာရိတ် ပံ့ပိုးငွေကျပ် ၃၂ သိန်း  စုစုပေါင်း ငွေကျပ် ၅၉၂ သိန်းကျပ်အား မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ မြို့နယ်သမဝါယမဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များက ပံ့ပိုးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်