ပင်လောင်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မြသင်းဆွေနှင့် တာဝန်ရှိသူများသည် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၃၄ ဒသမ ၈၂၄ သန်းဖြင့် ဆောင်ရွက်သည့် ပင်လောင်းမြို့နယ် ဆောင်းပေါင်-ထီရွေး- ထီရယ်-ပေါ့ယား-ကျောင်းနား-ကျောက်ဆောင်-လယ်ကြား-မွေတော်- လုံးပိုးလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်း အရှည် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု တစ်ပေ သုံးလက်မရှိ ကတ္တရာလမ်းခင်းခြင်းကို လည်းကောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၂ ဒသမ ၉၂၉ သန်းဖြင့် ဆောင်ရွက်သည့် ပင်လောင်းမြို့နယ် ထီရွေး-မြင်းသောင်းလမ်း အရှည် သုံးဖာလုံ၊ အကျယ် ၁၆ ပေ၊ ဒု ကိုးလက်မရှိ ကျောက်ချောခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်