မိုးနဲ ဇန်နဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နားခံကျေးရွာအုပ်စု ပန်အူ- စက်တော်လမ်း ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမိုးလွင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီများမှ တာဝန်ခံများက ရှင်းလင်းပြသခဲ့သည်။
အဆိုပါ ပန်အူ-စက်တော်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်(မူလ) ခွင့်ပြု ရန်ပုံငွေ ပထမလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံ၊ ဒုတိယလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံ စုစုပေါင်း ၁ မိုင် ၅ ဖာလုံကို လမ်းပိုင်းတစ်ခုစီအတွက် ငွေကျပ် ၁၁၇ ဒသမ ၁၁၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီတို့က မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်