Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"ရွှေချမ်းသာ"စိုက်ပျိုးထုတ်လုပ်ရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အသင်းပိုင်လယ်မြေ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေး


22 Jan,2025

ပေါင်၊ ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ "ရွှေချမ်းသာ"စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် အသင်းပိုင်လယ်ဧက(၄၀၀)တွင် တာဝန်ယူလုပ်ဆောင်နေသည့် အသင်းသားတောင်သူ(၃၈)ဦး တို့၏ နွေစပါးစိုက်ပျိုးထားမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ၊ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် ယ‌မန်နေ့ နံနက်ပိုင်းက တွေ့ဆုံ၍ ကွင်းဆင်း ကြီးကြပ်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး  သီးနှံများအထွက်နှုန်းတိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ အပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုရွှေချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် အသင်းသားတောင်သူများသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ဧက(၄၀၀)အတွက် ငွေကျပ်သိန်း(၈၀၀)တန်ဖိုးရှိ သွင်းအားစုများ ပံ့ပိုး ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်