Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ ကျေးလက်လမ်း၊ တံတားပြုပြင်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


24 Jan,2025

အမရပူရ ဇန်နဝါရီ ၂၃

            မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ စားတော်- လိပ်ဆံခွန် - ဘနော - ဖရဲကျွန်းလမ်းမှာ ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စား၍ ပျက်စီးခဲ့သည့် မြေကာနံရံအပိုင်းကို ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု(အထွေထွေပိုလျှံ) ရန်ပုံငွေကျပ် ၄၄ ဒသမ ၆၀၁ သန်းဖြင့် ဌာနမှ Box Culvert တစ်စင်းနှင့် ကျောက်ရိုးစီမြေကာ နံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၁ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

             အဆိုပါလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်အတူ အမရပူရခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်၊ မြို့နယ်တာဝန်ခံ ဒေါ်နန်းခိုင်သဉ္ဇာ (ဦးစီးအရာရှိ (မြို့ပြ))တို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုရှိရေးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်