Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး သွင်းအားစုများပေးအပ်


24 Jan,2025

ဖြူး ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နွေစပါး ၁၇၃၈၉ ဧက စိုက်ပျိုးနိုင်ရေးနိုင်ငံတော်မှ သွင်းအားစုများ ပေးအပ်သွားမည်ဖြစ်ရာ နွေစပါးစိုက်​တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်က လူငယ့်အားမာန်သမဝါယမအသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သွင်းအားစုပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က နွေစပါးဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တက်ရောက်လာကြသောတောင်သူများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကိုလတ်နှင့် တာဝန်ရှိသူများက ကျီးမနိုးကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာအုပ်စုများရှိ နွေစပါးစိုက်တောင်သူများအား MPE (ယူရီးယား) ဓါတ်မြေသြဇာ (၅၆၆) အိတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် သမဝါယမအသင်း၏ နွေစပါးစိုက်ဧက ၁၂၅ ဧကအတွက် ငွေကျပ် ၂ သိန်းနှုန်းဖြင့်ညီမျှသော သွင်းအားစုများကို ဖြူးမြို့နယ်သမဝါယမဦးစီးဌာနမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်