Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွာငံမြို့နယ် မြင်းတွင်း-တောင်မြင့်ကြီးကျေးရွာလမ်းအား ကျောက်ချောလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး


27 Jan,2025

ရွာငံ ဇန်နဝါရီ ၂၄

            ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် မြင်းတွင်း-တောင်မြင့်ကြီးကျေးရွာလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ဇန်နဝါရီ ၂၃ ရက်က ရွာငံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်အေမီခင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

            အဆိုပါကျေးရွာလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၁၅၆ ဒသမ ၇၁၇ သန်းဖြင့် လမ်းအရှည် ၆ ဒသမ ၈၁ မိုင်၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၄ လက်မခန့်ကို (P4S)ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

. ရဲထက်ဦး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်