Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းပန်-ကုန်းကျိုင်းလမ်း အဆင့်မြှင့်တင်


27 Jan,2025

မိုးနဲ ဇန်နဝါရီ ၂၄

           ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇန်နဝါရီ ၂၂ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

        ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဝင်းကျော်မျိုး၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်းနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

         အဆိုပါလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၁၀၇ ဒသမ ၃၈ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက လမ်းအရှည် ၀ ဒသမ ၆၀၃၅ ကီလိုမီတာ၊ ၃ ဒသမ ၆၆ မီတာအကျယ်နှင့် ၂၂၅ မီလီမီတာဒုကို ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်