Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ ပြိုင်ပွဲကျင်းပရေး ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဆုရွေးချယ်စိစစ်ရေးဆောင်ရွက်


07 Feb,2025

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြိုင်ပွဲ (၂၀၂၅ ခုနှစ်) ကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)တွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ အသေးစား (Micro) စီးပွားရေးလုပ်ငန်း၊ အငယ်စား(Small) စီးပွားရေးလုပ်ငန်း၊ အလတ်စား (Medium)စီးပွားရေးလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ သမဝါယမအသင်းစွမ်းဆောင်ရည် များနှင့် ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)အကောင်းဆုံးဟူ၍ ဆုအမျိုးအစား(၆)မျိုးဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စု နယ်မြေ အပါအဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်လုပ်ငန်းရှင်(၁၉၃)ဦး ဝင်ရောက် ယှဉ်ပြိုင် ကြပြီး ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ အဆိုပြုတင်ပြချက် (Power Point Presentation)များ၊ ပြပွဲတွင် ခင်းကျင်းပြသထားရှိမှုများကို သတ်မှတ်ထားသော Criteria ၊ အမှတ်ပေး စည်းမျဉ်းများ နှင့်အညီ အကဲဖြတ်ဒိုင်အဖွဲ့အသီးသီးမှ စိစစ်အကဲဖြတ်ပြီး  အသေးစား (Micro) ထုတ်ကုန်ဆု ပထမ၊ ဒုတိယ၊ တတိယဆု(၃)ဆု၊ အငယ်စား(Small) ထုတ်ကုန်ဆု ပထမ၊ ဒုတိယ၊ တတိယဆု(၃)ဆု၊ အလတ်စား (Medium) ထုတ်ကုန်ဆု၊ ပထမ၊ ဒုတိယ၊ တတိယဆု(၃)ဆု၊ အသေးစားစက်မှုလက်မှု လုပ်ငန်းမှ (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းနှင့် လက်မှုထည်) စံပြထုတ်ကုန်ဆု (၄)ဆု၊ ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆု ပထမ၊ ဒုတိယ၊ တတိယဆု (၃)ဆုနှင့် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန် အကောင်းဆုံးဆု (၁၅)ဆု စုစုပေါင်း (၃၁)ဆုကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ ဆုရရှိသည့် လုပ်ငန်းရှင်များအား (၁၄.၂.၂၀၂၅) ရက်နေ့တွင် ဉပ္ပါတသန္တိစေတီတော်မြတ်ကြီးအရှေ့၊ တပေါင်းကွင်းတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်