Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁)နာရီ ဂါလံ(၃၀၀၀)ထွက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး အဝီစိရေတွင်း(၂)တွင်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


14 Feb,2025

ကျောက်ဆည် ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမ ဦးစီးဌာနတို့ ပူးပေါင်း၍ ဒွေးလှကျေးရွာတွင် တူးဖော်ထားသည့် (၁)နာရီ ဂါလံ(၃၀၀၀)ထွက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး အဝီစိတွင်း(၂)တွင်းအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ ဆိုလာစနစ်သုံး အဝီစိရေတွင်းများသည် ဒွေးလှကျေးရွာ လယ်ယာမြေနှင့် အထွေထွေသမဝါယမအသင်းသားတောင်သူ ဦးနေဝင်းနှင့် ဦးယဉ်မင်းထွန်းတို့၏ စိုက်ပျိုးမြေများတွင် တူးဖော်ထားသည့် အနက်(၃၀၀)ပေ၊ အကျယ်(၄)လက်မ အဝီစိတွင်းများဖြစ်ပြီး ရေတွင်း(၁)တွင်း လျှင် (၄၃)ဗို့ထွက်ရှိသည့် အလျား(၈)ပေ၊ အနံ(၄) ဆိုလာချပ်(၁၂)စီ တပ်ဆင်အသုံးပြုထား‌ကြောင်း၊ တောင်သူဦးနေဝင်း၏ အမှတ်(၁)အဝီစိရေတွင်းသည် (၁)နာရီလျှင် ရေဂါလံ(၃၂၀၀)ထွက်ရှိပြီး အကျိုးပြုတောင်သူ(၈)ဦး၏ စိုက်ပျိုးမြေ(၂၄)ဧကအား နှစ်ပတ်လည် စိုက်ပျိုးရေများ ပေးဝေနိုင် မည်ဖြစ်ပြီး၊ တောင်သူဦး ယဉ်မင်းထွန်း၏ အမှတ်(၂)အဝီစိရေတွင်းသည် (၁)နာရီ ရေဂါလံ (၃၀၀၀) ထွက်ရှိကာ အကျိုးပြုတောင်သူ(၉)ဦး၏ စိုက်ပျိုးမြေ(၃၃)ဧကအား နှစ်ပတ်လည် စိုက်ပျိုးရေများ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရ သည်။

မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် အခြေခံသမဝါယမအသင်းသားတောင်သူများ စိုက်ပျိုး စရိတ်သွင်းအားစုများ သက်သာပြီး တစ်ဧကအထွက်နှုန်းတိုးပွားကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားတောင်သူများအား တစ်ဧကငွေ(၂)သိန်းကျပ်နှင့် ညီမျှသည့် မျိုးစေ့များနှင့် သွင်းအားစု ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်