Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်တွင် စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်း ပညာပေးဟောပြောပွဲ ကျင်းပ


18 Feb,2025

မြစ်သား ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး အသင်းစုချုပ်နှင့် စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် သဘာဝမြေသြဇာသုံးစွဲနည်းပညာပေးဟောပြောပွဲကို  မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေးသမဝါယမအသင်းလီမီတက်၏ မန်နေဂျာ ဦးတင်အောင်ထွန်းက စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်ကောင်းမွန်ပြီး ဖြစ်ထွန်းအောင်မြင် စေရန် စမ်းဝတီသဘာဝမြေသြဇာ ထုတ်လုပ်ရေးသမဝါယမအသင်းမှ ထုတ်လုပ်သောသဘာဝမြေသြဇာ ၏ အရည်အသွေးများ ပါဝင်ပစ္စည်းသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှုများကိုသိရှိပြီး အသင်းသား တောင်သူများ ထိထိ‌ရောက်သုံးစွဲရန်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်က သဘာဝမြေသြဇာသုံးစွဲခြင်းနှင့် ပတ်သက်ပြီး ရရှိလာ မည့်အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေးနည်းပညာများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာသော သမဝါယမအသင်းသား တောင်သူများမှအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းလီမီတက်မှ အသင်းသားများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာများ ရှိ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်