Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားပိုင်နေကြာစိုက်ခင်းများမှ နေကြာများ ကြိတ်ခွဲဖြန့်ဖြူးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


21 Feb,2025

တောင်ကြီး ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ သမဝါယမအသင်းသားတောင်သူများမှ စိုက်ပျိုးထွက်ရှိသော နေကြာများအား ဝယ်ယူကြိတ်ခွဲ​ဖြန့်ဖြူးနိုင်ရေးအတွက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် တောင်ကြီး​မြို့နယ် လမင်းအိမ်ဆီစက်၊ ညီနောင် ဆီစက်၊ ပင်းတယမြို့ မျိုးစံဆီစက်နှင့် ညောင်ရွှေမြို့ဦးပေါက်ဖော်ဆီစက်၊ ရွှေလိမ္မော်ဆီစက်များအား ကွင်းဆင်းကြည့်ရှု၍ ဝယ်ယူကြိတ်ခွဲဖြန့်ဖြူးနိုင်ရေးနှင့် ရရှိလာသောနေကြာဆီများအား စျေးကွက် ရရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်များတွင်လည်း နေကြာဆီများ အရည်အသွေးပြည့်မီစွာ ကြိတ်ခွဲဖြန့်ဖြူးနိုင်ရေးနှင့် အသင်းသားတောင်သူများ အကျိုးအမြတ်ရရှိစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်