Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းများက ဆီထွက်သီးနှံ(ဆောင်းနေကြာ)များ စိုက်ပျိုးထားရှိ


21 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ ၂၀

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်  ဆီထွက် သီးနှံ(ဆောင်းနေကြာ)စိုက်ပျိုးရန် ဧက(၃၀၀၀)လျာထားသည့်အပေါ် မြို့နယ်(၈)မြို့နယ်မှ သမဝါယမ အသင်းပေါင်း(၆၀)၊ အသင်းသားတောင်သူ(၈၉၃)ဦး၊ စိုက်ဧက(၂၆၇၄.၇၉)ဧက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

    အဆိုပါ လယ်ယာမြေများတွင် ဆီထွက်သီးနှံ(ဆောင်းနေကြာ)အထွက်ကောင်းမျိုးများဖြစ်သည့် Suryakiran၊ ရေဆင်းစပ်မျိုး - ၁ များဖြစ်သည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးစေပြီး အသင်းသား တောင်သူများကို စမ်းဝတီသဘာဝမြေဩဇာ(၁၀၀၃)အိတ်ကိုလည်းကောင်း၊ သွင်းအားစုများဖြစ် သည့် မျိုး၊ ပုလဲနှင့် ကွန်ပေါင်းများကို သမဝါယမအသင်းအချင်းချင်း အစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ ဆောင်းသီးနှံ(နေကြာ) စိုက်ဧက (၂၆၇၄.၇၉) ဧကအနက် (၄၆၀.၅၀) ဧက ရိတ်သိမ်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်