ရေဖြူ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ကင်းကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် တာဝန်ရှိသူများသည် ကင်းကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းအရှည် ၆ ဖာလုံ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိက ဆောင်ရွက်ပြီးလုပ်ငန်းများအား ကျေးရွာရေရရှိရေးကော်မတီထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍားရေးနှစ် နိုင်ငံတော်ထောက်ပံ့(ယူနီဆက်)ရန်ပုံငွေကျပ် ၁၉ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သုည ဒသမ ၉၉ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာနေပြည်သူများ နှင့် ကျွဲ၊နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိပြီး အိမ်တိုင်ရာရောက် စနစ်ဖြစ်သည့်အတွက် ရေခပ်ရန် အချိန်ကုန်သက်သာသည့်အတွက် မိသားစုစီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်လာမည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးလာမည့်အပြင် လူနေမှုအဆင့်အတန်းများလည်းမြင့်မားလာမည်ဖြစ်ကြောင်းရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်