Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်တွင် အခြေခံသမဝါယမအသင်းများဖြင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


24 Feb,2025

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပုသိမ်ကြီးမြို့နယ်၊ သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမတွင် အခြေခံသမဝါယမအသင်းအမှုဆောင်များဖြင့် တွေ့ဆုံ ၍ သမဝါယမလုပ်ငန်းများအကြောင်း အကျယ်တဝင့်လုပ်ငန်းညှိနှိုင်းဆွေးနွေးကြသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း သည် သမဝါယမဦးစီးဌာနအနေဖြင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ဝါ၊ နေကြာများ စိုက်ပျိုးရန်ကိစ္စရပ်များ၊ အခြေခံသမဝါယမ အသင်းများ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသင်းများ ဖွဲ့စည်းမှုမှန်ကန်စေရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ဝင်း၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုအမှုဆောင်များနှင့် အခြေခံသမဝါယမအသင်း(၃၉)သင်းမှ အသင်းအမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်