Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆီထွက်သီးနှံ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာ စိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


24 Feb,2025

မြစ်သား  ဖေဖော်ဝါရီ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်ရွက် သည့် ဆောင်းနေကြာဆီထွက်သီးနှံစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံ‌ရေး၊ အထွက်နှုန်းကောင်း စေရေးနှင့် ဝင်ငွေတိုးစေရေးရည်ရွယ်၍ ရွှေကုန်းကျေးရွာရှိ ရွှေကုန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူ ဦးလှထွန်း ကွင်းအမှတ် (၄၉၇) က၊ ဦးပိုင်အမှတ် (၁၂/၁၀၁)ရှိ စိုက်ဧက(၃.၀၀)ဧကတွင် ရေဆင်းစပ်မျိုး(၁)မျိုး ဆောင်းနေကြာသီးညှပ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။   

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး က တောင်သူဦးကြီးများကို သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း သို့မှသာ စိုက်ပျိုးသည့် သီးနှံတစ်ဧကအထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်ရရှိမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုး၊ မြေ၊ ရေနည်း(၄)မျိုးကို ဟန်ချက်ညီညီဆောင်ရွက်သွားရန်လို‌ကြောင်းရှင်း လင်း‌ပြောကြားခဲ့သည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ မ‌န္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်