Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတ မြို့နယ် ကြက်တူရွေးလေး ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး


25 Feb,2025

ဟင်္သာတ ဖေဖော်ဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ လိပ်ချောင်းကျေးရွာအုပ်စု၊ ကြက်တူရွေးလေး ကျေးရွာ၌  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှု လျှော့ချစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၆၈၀ ဒသမ ၆၅  သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်း တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း ၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် တာဝန်ရှိသူများက ကြက်တူရွေးလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး ‌၊မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လလစဉ်ဖြည့်သွင်းရမည့် စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားမှု နှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအ ပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ကြက်တူရွေးလေး ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်က မြစိမ်းရောင် ကျေးရွာစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒသမ အကြိမ်မြောက်အဖြစ် စိုက်ပျိုးရေး၊မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ အသင်းသူ၊အသင်းသား ၂၆၇ ဦး ထံသို့ငွေတစ်ရာကျပ်လျှင် အတိုးနှုန်းငွေ တစ်ကျပ်  ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ် ရန်ပုံငွေကျပ်  ၆၈၀ ဒသမ ၆၅  သိန်း ထုတ်ချေးထားရှိပြီး စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း ထံမှ သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်