Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဝါသီးနှံအထွက်နှုန်းတိုးတက်စေရန် B-31 မျိုးနှင့် သွင်းအားစုများ


24 Feb,2025

မလှိုင် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူ များ၏ ဝါသီးနှံများ အထွက်နှုန်းတိုးတက်စေရန်နှင့် ဝင်ငွေတိုးတက်စေရန်အတွက် အထွက်တိုးမျိုးဖြစ်သော B-31နှင့် သွင်းအားစုများကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မလှိုင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များက အသင်းသားတောင်သူများ၏ ဝါသီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ ဝင်ငွေတိုးတက်စေရေးနှင့် လူမှုစီးပွားဘဝမြင့်မားစေရန် ရည်ရွယ်လျက် ဖက်ကုန်းကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာရှိ မိုးကြိုဝါစိုက်ပျိုးသော အသင်းသားတောင်သူ(၁၉)ဦး၊ မိုးကြိုဝါစိုက်ဧက(၃၀)အတွက် အထွက်တိုးမျိုးဖြစ်သော B-31 မျိုးနှင့် သွင်းအားစုများအား သီးနှံပေါ်ပေး စနစ်ဖြင့် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်