Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


24 Feb,2025

မကွေး ဖေဖော်ဝါရီ  ၂၄

 မကွေးတိုင်းဒေသကြီး၊  ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ပုဇင်းနိမ့်ကျေးရွာ၊ သူရတံခွန် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားများ၏ ကြက်၊ ဝက်၊ ငါး၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ အား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဆက်လက်၍ သပြေစောင်းကျေးရွာ၊ ဂွေးမီကျေးရွာ၊ အင်ဖက်တောကျေးရွာ၊ ထန်းလေးပင် ကျေးရွာ တို့ကိုကွင်းဆင်းပြီး အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ သမဝါယလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များမှာကြားဆွေးနွေးခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်