Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ အစီအစဉ်ဖြင့် Bakery and Sneck အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ


25 Feb,2025

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ပြုလုပ်သည့် စိုက်ပျိုးကုန်ကြမ်းသီးနှံအခြေခံ Bakery and Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြပါသည်။

      ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု အကောင်အထည် ဖော်ဆောင်ရွက်နေသည့် မဲခေါင်-လန်ချန်းစီမံကိန်းသည် စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ် လုပ်ငန်းများပေါ်ထွန်းလာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပေးလိုက်သော ဘာသာရပ်များသည် အသက်မွေး ဝမ်းကျောင်းကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နိုင်သည့် ဘာသာရပ်များဖြစ်များ မိသားစု ဝင်ငွေ တိုးပွားရရှိအောင်ဆောင်ရွက်နိုင်သကဲ့သို့ အိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရရှိသော လုပ်ငန်းများကို လုပ်ကိုင်လာနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းက သင်ကြား ပေးသည့် ပညာရပ်များ အပေါ်အခြေခံသည့်လုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ မိမိတို့ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များကို အသုံးချပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းနည်းပြအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ထူးချွန်သင်တန်းသားများအား ထူးချွန်ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် သင်တန်းဆင်းလက်ရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်