Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့နယ် ဒါးက(မြောက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက် နေမှု စစ်ဆေး


27 Feb,2025

ဟင်္သာတ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်  အင်္ဂပို ကျေးရွာ အုပ်စု၊ ဒါးက(မြောက်) ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေ များကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း၊ ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း  နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။

           အင်္ဂပို ကျေးရွာ အုပ်စု၊ ဒါးက(မြောက်) ကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာနှစ်က အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၇၂သိန်း ၊ ပြည်သူထည့်ဝင်ငွေ ၅ သိန်း ၊စုစုပေါင်း ရန်ပုံငွေ ၁၇၇ သိန်း အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီ လ  ၂၀  ရက်နေ့က စတင်အကောင်အထည်ဖော်‌ဆောင်ရွက်ခဲ့ရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး‌နေပြီ ဖြစ်ပါကြောင်း ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က ပြောပြ၍ သိရသည်။

           


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်