မိုးညှင်း ဖေဖော်ဝါရီ ၂7
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဆီထွက်သီးနှံ များ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သမဝါယမအသင်းများ၏ စိုက်ပျိုးထားရှိမှုအခြေအနေများကို ဖေဖော်ဝါရီ 26 ရက်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်း ဦးဆောင်သည့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းခဲ့ရာတွင် ပင်းဟဲကျေးရွာရှိ ကွင်းအမှတ် (၃၁၂)၊ ဦးပိုင်အမှတ် (၃၃)၊ တောင်သူ ဒေါ်မြဝင်း၏ လယ်မြေတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထား ရှိသော မြေပဲ(၄)ဧကနှင့်ပဲပုတ်(၆)ဧကစိုက်ခင်းအား မြေဩဇာများလိုအပ်မှု အခြေအနေများနှင့် ပိုးမွှားရောဂါများကျရောက်နေမှုရှိ၊ မရှိအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တောင်သူ၏ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သည့် ကျေးရွာပေါင်း(၇)ရွာအား တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစုဖြစ်သောမျိုးနှင့်မြေဩဇာများကို သီးနှံပေါ် ပေးသည့်စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပြီး မိုးညှင်းမြို့နယ်အတွင်း တောင်သူ စုစုပေါင်း(၇၇၄)ဦး၊ စိုက်ဧက(၂၂၅၀)ဧကအတွက် ပံ့ပိုးငွေ စုစုပေါင်း ငွေကျပ်သိန်း(၄၂၀၀)နှင့် ညီမျှသည့် သွင်းအားစုများကို ယခုဘဏ္ဍာရေးနှစ်တွင် ပံ့ပိုး ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ရွှေမိုးညှင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်