ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရသေ့ပျံကျေးရွာကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်နန်းအဲဖောင်အွာ၊ ဘားအံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ကျေးရွာလမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ရသေ့ပျံကျေးရွာကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်က လမ်းရေရှည်တည်တံ့အောင် ပျက်စီးမှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားသည်။
ရသေ့ပျံကျေးရွာ၌ လမ်းအရှည် ငါးဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် သုံးပေကိုးလက်မရှိ ကုန်ထုတ်လမ်းဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေ ၇၂ ဒသမ ၇၉၂ သန်းဖြင့် ငွေကြွယ်လင်းကုမ္ပဏီက ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၀ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်နန်းအဲဖောင်အွာထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်